ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ပရိယတ္တိ စာသင်တိုက်ကြီးမှ သံဃာတော် များ၊ သာမဏေများနှင့် ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရခြင်းရှိ/မရှိ (RTD) Test Kit ဖြင့် (အခမဲ့) ရောဂါ စစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်ထံမှ သိရ သည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းရှိ/မရှိ (RTD) Test Kit ဖြင့် စစ်ဆေးပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ ခြင်းကြဖြစ်ကြောင်း သိရပြီး စစ်ဆေးဆောင်ရွက်ရာတွင် စက်တင်ဘာလ(၁၁)ရက်နေ့က မြသိန်းတန်ဘုရားကြီး ပရိယတ္တိစာသင်တိုက်ကြီးမှ သံဃာတော်(၁၆)ပါး၊ သာမဏေ(၁၃)ပါးနှင့် ကျောင်းသား(၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများက (RTD) Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြရာ ပရိယတ္တိ စာသင် တိုက်ကြီးမှ သံဃာတော်များ၊ သာမဏေများနှင့် ကျောင်းသားများတွင် ရောဂါပိုးကူးစက်ခံရမှု မရှိကြောင်း သိရသည်။
ဇင်မင်းထိုက်