ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ထီးချိုင့် စက်တင်ဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအ ကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက်(၆၅) နှစ်အထက်နှင့်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများကို ယနေ့ နံနက်(၉)နာရီမှ စတင်ကာ ထီးချိုင့်မြို့အခြေခံပညာ အထက်တန်းကျောင်း ဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲကာ ထိုးနှံပေး လျက်ရှိ ကြောင်း သိရပါသည်။

 

ထီးချိုင့်မြို့နယ်တွင် စက်တင်ဘာလ (၄)ရက်နေ့မှစတင်၍ တရုတ်နိုင်ငံထုတ်( Sinopharm )  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ရဟန်းသံဃာများ၊ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  အသက်(၁၈)နှစ် အထက် ပြည်သူများကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့တွင် မောင်းကုန်းကျေးရွာ၊ ရေဝ၊ ကျောက်အိုက်၊ ကွင်းကြီး၊ ကြက်သွန်ခင်း၊ အောင်ဇေယျာရပ်ကွက်၊ ဝိသာခါရပ်ကွက်၊ စံပြရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ မြတောင်၊ ညောင်ပင်သာကျေးရွာ၊ ချိတ်သင်၊ ကမ်းနီ၊ အလယ်တော၊ တောမ၊ ဒိုးပင်၊ တည်တောကျေးရွာများရှိ ဒေသခံပြည်သူ (၅၃၅) ဦးနှင့် နီကယ်စက်ရုံဝန်ထမ်း (၂၀၀) ဦးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရပါသည်။

 

 

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရဲမှူးပြေဦး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးချမ်းမြေ့နိုင်၊ ဒေါ်နွယ်နွယ်ထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့ဝင် များက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲလင်းထွန်း ( ထီးချိုင့် )