မုံရွာ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ယနေ့နံနက်(၁၀)နာရီက စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာအသိပညာပေး TalkShowကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးစိုးဝင်းက ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး TalkShowကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးကျော်သူရလှိုင်က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ပြန်လည်ဆွေး နွေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆွေးနွေးရာတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနမှ ဒုတိညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်က ကမ္ဘာအိုဇုံးလွှာ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အိုဇုန်း၏အဓိပ္ပါယ်၊ အိုဇုံးလွှာ ပျက်စီးစေသည့် အကြောင်းအရင်းနှင့် ဆိုးကျိုးများ၊ အိုဇုန်းလွှာမပျက်စီးရအောင် လူသားများ လိုက်နာရမည့် အချက်များ၊ လူသားများအား ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုနှင့် မထိခိုက်အောင် လူသားများ လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များ၊ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ပတ်သက် ၍ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်၍ဆောင်ရွက်နေမှုတို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။ ယခုအသိပညာပေး TalkShowအစီအစဉ်ကို မုံရွာခရိုင်ပြန်ဆက်ရုံး၏ We Love Monywa Facebook Page လူမှုကွန်ယက်တွင် ဆက်လက်လွှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။
ထိန်လင်း-မုံရွာ