ဒေးဒရဲမြို့တွင် အခြေခံလူတန်းစားအိမ်ထောင်စု(၂၁၄)စုအတွက် ဆန်များထောက်ပံ့လှူဒါန်း

ဒေးဒရဲ  စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြန်မာမွတ်စ်လင်မ်လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ကာလ အခြေခံ လူတန်းစာများ စားဝတ်နေရေးပြေလည်စေရေးအတွက် ပထမအကြိမ် စုပေါင်းဆန် လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီမှစ တင်၍ ဗိုလ်ချုပ်လမ်းမရှိ ဂျာမေဗလီကြီးတွင် လှူဒါန်းလျက်ရှိကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုတွင် ဒေးဒရဲမြို့ရှိ မြန်မာမွတ်စ်လင်မ်လူမှုကူညီရေးအသင်းမှ မြို့ပေါ်ရပ်ကွက်(၃)ခုရှိ အခြေခံလူတန်းစား များနှင့် နွမ်းပါးအိမ်ထောင်စု (၂၁၄)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်၅ ပြည်နှုန်း ဖြင့် ပထမအကြိမ် လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။

အေဇာလင်း( ပြန်ဆက်)