ကလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုမျာကြောင့် မြစ်သာမြစ်(ပြင်သာ) ရေအနည်းငယ် မြင့်တက်

 

ကလေး    စက်တင်ဘာ  ၁၂

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မိုးရွာသွန်းမှုများကြောင့် ၂၄ နာရီအတွင်း တိုင်းထွာချက်အရ မိုးရေချိန် ၀.၇၅ လက်မဖြစ်ပြီး ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ  မြစ်သာမြစ် (ပြင်သာ)ရေသည် ၁၃၉ စင်တီမီတာ(၄.၆ပေ) မြင့်တက်ခဲ့ ကြောင်းကလေးမြို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာမှ သိရသည်။

ကလေးမြို့သည် ၂၀၂၀ ခုနှစ်တွင် ယနေ့အထိ စုစုပေါင်း မိုးရေချိန်မှာ ၃၄.၁၇ လက်မရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ယနေ့အထိစုစုပေါင်းမိုး ရေချိန်မှာ ၃၈.၈၂ လက်မရှိခဲ့သည်။

မြစ်သာမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်မှာ (၁၁၀၀)စင်တီမီတာဖြစ်ပြီး ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ  မြစ်သာမြစ်(ပြင်သာ) ရေသည် ၇၅၃ စင်တီမီတာတွင်ရောက် ရှိနေသောကြောင့် စိုးရိမ်ရေအမှတ်အောက် ၃၄၇ စင်တီမီတာ( ၁၁.၄ ပေ) တွင်တည်ရှိနေ ကြောင်းသိရသည်။

မောင်ကျော်(ပြန်/ဆက်)