မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ဘုန်းတော် ကြီးကျောင်းများရှိ သံဃာတော်များနှင့် ကိုရင်များအား RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေး

 

မိုင်းခုတ် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်တားဆီးနိုင် ရန်အတွက် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များနှင် ကိုရင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ် ဆေးပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းခုတ်မြို့ရှိ နယ်မြေခံတပ်မှ တပ်မတော်သား ဆရာဝန်များပါဝင်၍ ဝမ်ကောင်းကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေး ဆရာမဒေါ်ကေသီထွန်းနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အမှတ်(၂)ရပ်ကွက်ရှိ ဝမ်ဝိန်း ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်နှစ်ပါးနှင့် ကိုရင် ၂၆ ပါး၊ ဝမ်ပုံဘုန်းတော်ကြီးကျောင်းမှ သံဃာတော်နှစ်ပါးနှင့် ကိုရင်ခြောက် ပါး၊ ဝမ်ကပ်ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် သုံးပါးနှင့် ကိုရင် ၂၈ ပါးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ လိုက်လံစစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ(Negative)ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မိုင်းခုတ်မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီးလိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အားချာ