ဒေးဒရဲ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ရောကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင် ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ရောဂါကူးစက်ပြတ်တောက်ပြီး ထိထိရောက် ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန် ၊ ပြင်ပဧည့်သည်များအိမ်တွင်လက်မခံရန်၊ နေအိမ်ပြင် ပသို့မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန် ၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းရှောင်ကျဉ်ရန် ၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ နေအိမ်ရှိပြူတင်းပေါက်များကိုလေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီးဆေး ကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကိုအမြန် တားဆီး ကာကွယ်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူအားလုံး လိုက်နာပြီးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်စသည့်အချက်များကို မြို့ပေါ်ရပ်ကွက်များ အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အေဇာလင်း၊ ပြန်/ဆက်