ကြံခင်းမြို့နယ် အတွင်းရှိ လူမှုဖူလုံရေးအကြုံဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

ကြံခင်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေး အကြုံဝင် မှတ်ပုံတင်ထားသော စက်ရုံ/အလုပ်ရုံလုပ်ငန်းဌာနခွဲမှ အာမခံအလုပ်သမားများအား ယနေ့ နံနက်(၈)နာရီအချိန်က ရွှေပြည်အေး(၁၁)ထပ် ဘုရားကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် လူမှုဖူလုံရေး ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်နှင့် ဝန်ထမ်းများကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အာမခံအလုပ်သမားများအား ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း စက်ရုံ/အလုပ်ရုံ အလုပ်ဌာနပေါင်း(၅၄)ခုရှိရာ အာမခံအလုပ်သမား (၆၀၂)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ယခုကျန်ရှိနေသော အလုပ်ဌာန(၂၅)ခုမှ အာမခံအလုပ်သမား(၁၀၀)ဦးအား ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)