ဘားအံ စက်တင်ဘာ ၁၂
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ၂၀၂၁ ခုနှစ်ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ (World first aid Day 2021) အခမ်းအနားကို ဘားအံမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ထံမှ ပေးပို့သော ၂၀၂၁ ခုနှစ် ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ သဝဏ်လွှာအား ဘားအံခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးစောကျော်ဝင်းမှ ဖတ်ကြားခဲ့ပြီး မြို့နယ်ကြက် ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသောင်းထွန်းက ၂၀၂၁ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်ဖြစ်သည့် “ရှေးဦးပြုစု သူရဲကောင်းများကျောင်းနှင့် ရပ်ရွာမှာမွေးထုတ်ထား”ဆိုသည့် အတိုင်း မိမိတို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် ကျောင်းများ ၊ရပ်ကွက်/ ကျေးရွာများ တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်အသစ်များ မွေးထုတ်ပေးနိုင်ခဲ့ပြီး မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများအား အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်မှ ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းအရေးပေါ်ကာလတွင် ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် စွမ်းစွမ်း တမံပါဝင်ကူညီဆောင်ရွက်ပေးကြသော တပ်ဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးခဲ့ပြီ ၂၀၂၁ ခုနှစ် ကမ္ဘာ့ရှေး ဦးပြုစုခြင်းနေ့ အခမ်းအနားကို ကျန်းမာရေးဌာန၏ ကိုဗစ်၁၉ ညွှန်ကြားချက်စည်းမျဉ်းစည်းကမ်းများ နှင့်အညီကျင်းပခဲ့ ပြီးအခမ်းအနားသို့ ခရိုင်/မြို့နယ် ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့မှတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များအင်အား ၃၇ ဦး တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။
ခရိုင် ပြန်/ဆက်