ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးလက်ကျန်းမာရေးဆေးခန်း၌ သံဃာတော်နှင့် သီလရှင် များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ပုဗ္ဗသီရိ စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ရွေ့လျား     ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးအဖွဲ့သည်  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း က အေးမြင့်သာယာ ကျေးရွာအုပ်စု အတွင်းရှိ အေးမြင့်သာယာကျေးလက်ကျန်းမာရေး ဆေးခန်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပေးရာတွင်     ပုဗ္ဗသီရိမြို့နယ်     ကုတင်(၅၀)မှ မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူး    ဒေါ်ဝေဝေလွင်နှင့် ကျန်းမာရေးဝန်ထမ်းများက အေးမြင့်သာယာ ကျေးရွာအုပ်စုအတွင်းရှိ သဒ္ဒါရုံ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် (၁)ပါး၊ ကိုရင်(၆)ပါး ကျောင်းသား(၆)ယောက်နှင့် သဒ္ဓမ္မနန္ဓီသီလရှင်စာသင်တိုက်မှ သီလရှင် (၂၃)ပါး၊ကျောင်းသူ (၁)ယောက် စုစုပေါင်း(၃၇)ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြရာ ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးပေးရာ နေရာ၌  မြို့နယ် သာသနာရေးမှူး ဦးကျော်မြင့်သူ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ    တာဝန်ရှိ သူများနှင့်    ကျေးရွာအုပ်ချုပ်ရေးမှူးများမှ  စုပေါင်း၍ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)