ပေါင်မြို့နယ်၌ အောက်ဆီဂျင်စက်တပ်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

ပေါင် စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့ပြည်သူ့ဆးရုံးနောက်တွင် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင် စက်ရုံ၌ အောက်ဆီဂျင်စက်တပ်ဆင်နေမှု အခြေအနေများကို မြို့နယ် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီက ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရက်ရာတွင် မြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များအား အောက်ဆီဂျင်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက အောက်ဆီဂျင်စက်များ တပ်ဆင်နေမှုနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြသပြီး မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အောက်ဆီဂျင် ထုတ်လုပ်မှုဆိုင်ရာ စံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)