ဖျာပုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေး

ဖျာပုံ စက်တင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်း မရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလိုပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရန်၊ ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်အပြောင်ကျေးရွာရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ မှတ်ပုံတင်အသစ် လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာ လူဦးရေ(၉၀)ကျော်နှင့် အိမ်ထောင်စု စာရင်းမရှိသူ (၅၅) အိမ်ထောင်စုအား အိမ်ထောင်စု   အသစ်ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)