အမ်း စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့(WFP)မှ နေရပ်စွန့်ခွာ ခိုလှုံနေသူ တိုက်ပွဲရှောင်စခန်းနေ ပြည်သူများအတွက် လစဉ်ဆပ်ပြာတောင့်နှင့် အာဟာရမုန့်များ ထောက်ပံ့ ပေးအပ်လျက်ရှိရာ စက်တင်ဘာလအတွက် ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိုးလုံလေလုံ အားကစားခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွန်ကြားမှုဖြင့် နေရပ်စွန့်ခွာခိုလှုံနေသူ တိုက်ပွဲရှောင်စခန်း ကြီးကြပ်မှုကော်မတီ အဖွဲ့ခေါင်းဆောင် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝေက တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူများဖြင့် ကြီးကြပ်၍ ဆပ်ပြာတောင့်နှင့် အာဟာရမုန့်များ ဆက်လက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့(WFP)မှ အမ်းမြို့နယ်အတွင်း ပဲပဒုံနေရပ်စွန့်ခွာ ခိုလှုံနေသူ တိုက်ပွဲရှောင်စခန်း(၁)၊ မိုးလုံလေလုံအားကစားခန်းမ နေရပ်စွန့်ခွာခိုလှုံနေသူ တိုက်ပွဲရှောင်စခန်း(၂)၊ ကမ်းဒိတ်ဓမ္မာရုံရှိ နေရပ်စွန့်ခွာခိုလှုံနေသူ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူစုစုပေါင်း အိမ်ထောင်စု ၃၈၅ စု၊ ၁၇၈၇ ဦးအတွက် ဆပ်ပြာတောင့် ၃၄ ဖာ၊ ကလေး အာဟာရမုန့် ၆၁ ဖာ ၉ ထုပ်၊ လူကြီးအာဟာရမုန့် ၈ ဖာ ၆ ထုပ်အား လူတစ်ဦးလျှင် ဆပ်ပြာ(၁)တောင့်နှုန်းနှင့် (၅)နှစ်အောက် ကလေးတစ်ဦးလျှင် ကလေးအာဟာရမုန့် (၂)ထုပ်၊ ကိုယ်ဝန်ဆောင်နှင့် ၆ လထိ နို့တိုက်မိခင်တစ်ဦးလျှင် လူကြီးအာဟာရမုန့် (၂)ထုပ်နှုန်း တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်