ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ ဝန်ထမ်း များအတွက် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပေါင်      စက်တင်ဘာ ၁၁

                                                       

မွန်​​ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများအားအတွက် ကျန်းမာရေးသုံး အကွာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌ ကျင်းပခဲ့ပါသည်။

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ ဝန်ထမ်းများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် ရောဂါကာကွယ်ရေးဝတ်စုံ၊ KN-95 နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ မျက်နှာအကာ အစရှိသည်တို့ပါဝင်ပြီး ပေါင်မြို့နယ်အတွင်းရှိ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာလူမှုရေးအသင်းများ၊ နာမှုကူညီရေးအသင်းများမှ စေတနာ့ဝန်ထမ်းအဖွဲ့ (၅)ဖွဲ့တို့ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းများမှ စေတနာ့ဝန်ထမ်းအဖွဲ့ (၅)ဖွဲ့တို့က လက်ခံယူကြကြောင်း သိရသည်။

 

 မြို့နယ်(ပြန်/ဆက်)