မာန်အောင် စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများတွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ကျေးလက်ကျန်းမာရေး ဌာနများဖြစ်သည့် ကုန်းခင်၊ ဘဲအင်း၊ သစ်ဝ၊ ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာနတို့တွင် ယနေ့ နံနက်၁၀နာရီမှ ညနေ၃နာရီထိဆေးထိုးစုရပ် သတ်မှတ်နေရာများ၌ ဆက် လက်ထိုးနှံပေးလျက်ရှိသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီး ဌာန၏ သတ်မှတ် စည်းမျဉ်း စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိပြီး ကျေးလက် ကျန်းမာရေးဌာနများတွင် သတ်မှတ်ရက် အလိုက် ပထမအကြိမ်ထိုးနှံပြီးသူ (၆၉၄)ဦးအား ဒုတိအကြိမ်အဖြစ်ကာကွယ် ဆေးထိုးနှံပေး လျက်ရှိ ကြောင်း လူစုလူဝေးဖြစ်ပေါ်စေခြင်းနှင့် ထိတွေ့မှုများမဖြစ်ပေါ်စေရန်အတွက် ငါးဦး တစ်စုခွဲခြားပြီး ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)