သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

                                                               သာစည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက်    သက်ကြီးဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲကိုစက်တင်ဘာ ၁၁ ရက်နံနက် ၁၁ နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်ကအမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက   ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများမှတဆင့် သက်ဆိုင်ရာ သက်ကြီးဘိုးဘွားများထံ  ထောက်ပံ့ပေးအပ်နိုင်ရေး အတွက်  ထောက်ပံ့ ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။  ထောက်ပံ့ငွေ ပေးအပ် ရာတွင်    ဒုတိယသုံးလပတ် ဇန်နဝါရီ၊ဖေဖော်ဝါရီနှင့်မတ်လတို့အတွက် ကျန်ရှိနေ သော မြို့ မရှေ့တန်းနယ်မြေကျေးရွာများမှ ၂၂၀ ဦးနှင့်ဟံဇားရှေ့တန်းနယ်မြေကျေးရွာများမှ  ၂၉၂  ဦး  စုစုပေါင်း ၅၁၂ ဦးအတွက် တစ်ဦးလျင်ငွေကျပ် ၃၀၀၀၀  ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများတက်ရောက်ကြကြောင်း သိရသည်။        

မြို့နယ်ပြန်/ဆက်