ဇမ္ဗူသီရိ စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ နေပြည်တော်၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ စာရေးဆရာခိုင်မင်း (နေပြည်တော်)က လူကုန်ကူးခြင်းဆိုင်ရာ အကြောင်းအရာ များ၊ လူကုန်ကူးမှုခံရသည့် အကြောင်းအရင်းများ၊ လူကုန်ကူးသည့်လူတွေ ပစ်မှတ် ထားသည့် နေရာများ၊ လူကုန်ကူးခြင်းခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ၊ လူကုန်ကူးခြင်းခံရမှုတွေကို ယခုထက်ပိုပြီး လျော့နည်းသွားအောင် လုပ်ဆောင်သင့်သည့်အချက်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)