မောင်တော စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပန်းတောပြင် ကျေးရွာ နှင့် မောင်နီရွာရှိ ပြည်သူများအား စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာများရှိ သတ်မှတ်စုရပ် နေရာ များတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပန်းတောပြင်ကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘောဆန္ဒအရ လာရောက်စစ်ဆေး ခံသူ(၅၃)ဦး နှင့် မောင်နီရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရလာရောက် စစ်ဆေးသူ (၅၁)ဦး စုစုပေါင်း (၁၀၄) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)