အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများလက်ဝယ်အရောက် လူမူရေးပင်စင်ပေးအပ်

ဆီဆိုင် စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် ၉ နာရီက မိုင်းယန်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၇)ဦးတို့အား အိမ်တိုင်ရာအရောက်သွားရောက် ထောက်ပံ့ပေးခဲ့သည်။

လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ တတိယသုံးလ ပတ်(ဧပြီ၊မေ၊ဇွန်)အတွက် လူမူရေးပင်စင်ထောက်ပံ့ငွေကျပ်(၃၀၀၀၀)ကို မိုင်းယန်းမြို့ပေါ်ရပ်ကွက် အတွင်းရှိ၊ ပါမိုင်ရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ မွန်ကဲရပ်ကွက်၊ ဟော်ကန်ရပ်ကွက်၊ ကျိုင်းဟင်ရပ်ကွက်၊ မိုင်းပိန်းရပ်ကွက်၊ ဟိုကပ်ရပ်ကွက်နှင့် မောက်မိုင်ရပ်ကွက် အတွင်းရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၇)ဦးနှင့် အဘွား(၂၀)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းစီဖြင့် စုစုပေါင်းငွေကျပ်(၈၁၀၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ရာ ဘိုးဘွားများက ဝမ်းသာပီတိဖြစ်၍ ဆုတောင်းမေတ္တာပို့သပေး ခဲ့ကြကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်းတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၅၂)ဦးရှိပြီး ကျန်ရှိသောကျေးရွာများသို့လည်း သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များက အိမ်တိုင်ရာ အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)