စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

 

စစ်တွေ  စက်တင်ဘာ  ၁၁

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား(ပြု) လက်မှတ် ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် နိုင်ငံသားတိုင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရမည် ဟူသော ရည်မှန်းချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွ ေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း တိုင်းရင်း သားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် စက်တင်ဘာလ ၄ ရက်နေ့တွင် စစ်တွေမြို့နယ် မောင်နီပြင် ကျေးရွာအုပ်စုမှ လူဦးရေ ၉၀ ဦးအားလည်းကောင်း၊ ၇ ရက်နေ့တွင် စစ်တွေမြို့နယ် င/တောက်တက် ကျေးရွာအုပ်စုမှ လူဦးရေ ၉၈ ဦးအားလည်းကောင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

စစ်တွေမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရပ်ကွက် လေးရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)အုပ်စု တွင် အမျိုးသား ၁၀၆၀ ဦး၊ အမျိုးသမီး ၁၃၇၇ ဦးစုစု ပေါင်း၂၄၃၇ ဦးကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စုများကို လည်းကွင်းဆင်း ဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရသည်။

 တင်ထွန်း(ပြန်/ဆက်)