ဝေါ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့်သေဆုံးနှုန်း လျှော့ချနိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာလ(၁၁)ရက်နေ့က စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားဝန်ထမ်းများအား ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Senovicကို ဝေါမြို့နယ်ခန်းမတွင် ဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Senovicထိုးနှံပေးခြင်း ပြုလုပ်ရာတွင် လူစုလူဝေးမဖြစ်စေရေးနှင့် လာရောက်ထိုးနှံသူများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက်ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမော်၊ ကော်မတီဝင် ဗိုလ်မှူးမျိုးဝင်းအောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ဌေးနှင့် ကော်မတီဝင်များနှင့် ဝေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထွန်းနှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဝေါမြို့အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားဝန်ထမ်းများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ခုနှစ် ဩဂုတ်(၁၃) ရက်နေ့မှ (၁၄)ရက်နေ့အထိ ထိုးနှံပေးခဲ့ရာ အလုပ်သမားဝန်ထမ်း (၄၈၈)ဦး လာရောက်ထိုးနှံခဲ့ကြပြီး ယခုဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁၁)ရက်နေ့မှစက်တင်ဘာလ(၁၂) ရက်နေ့အထိဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Senovic ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)