မောင်တော စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညောင်ချောင်း ကျေးရွာ နှင့် ရွှေရင်အေးကျေးရွာများရှိ ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာများရှိ သတ်မှတ်စုရပ် နေရာများတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ညောင်ချောင်းကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘော ဆန္ဒအရ လာရောက် စစ်ဆေးခံသူ(၄၆)ဦး နှင့် ရွှေရင်အေး ကျေးရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရလာရောက် စစ်ဆေးသူ (၁၈)ဦး စုစုပေါင်း (၆၄) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ထဲမှ ရွှေရင်အေးကျေးရွာနေ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာမှ သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)