ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ပဉ္စမနေ့အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ယင်းမာပင် စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုဒုတိယအကြိမ်   ပဉ္စမနေ့အဖြစ်    စက်တင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီမှစ၍   ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း စုရပ်၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးပြီးသူများအား ဒုတိယအကြိမ်ပဉ္စမနေ့အဖြစ်စက်တင်ဘာ ၁၀ရက်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း စုရပ်၌ (၅၀) ဦးအား ထိုးနှံပေးခဲ့သည်။

ဒုတိယအကြိမ်  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးများကို  ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၄ ရက်နေ့မှစ၍ထိုးနှံပေးခဲ့ရာ စက်တင်ဘာ၁၀ရက်နေ့အထိ(၃၁၇၅)ဦးအား ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

ယင်းမာပင်မြို့နယ်အတွင်း    ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ( Sinopharm ) ထိုးနှံပေးခဲ့သူအားလုံးကို  ဒုတိယအကြိမ်အဖြစ် ဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိရသည်။

သန်းဌေး(သရက်)