ပုလဲမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ပုလဲ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ စက်တင်ဘာ ၁၀ရက်၊နံနက်၉နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ် COVID–19 ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏  ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/  ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ယာဉ်နောက် လိုက်များ၊ ဈေးရောင်း/ဈေးဝယ်များ စသည့်ဖြင့်  ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။

ပုလဲမြို့နယ်၌  သြဂုတ်လအတွင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက်   သတ်မှတ်ထားရှိသူများအနက်  စက်တင်ဘာ ၄ ရက်နေ့တွင် (၆၄၅) ဦး၊ စက်တင်ဘာ  ၅ ရက်နေ့တွင် (၁၆၅) ဦး၊ စက်တင်ဘာ ၇ရက်နေ့တွင် (၈၀၀)ဦး၊ စက်တင်ဘာ ၉ရက်နေ့တွင် (၂၈၅)ဦး၊ စက်တင်ဘာ ၁၀ရက်နေ့တွင် (၁၀၅)ဦး စုစုပေါင်း (၂၀၀၀)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်  ထိုးနှံရန် ကျန်ရှိနေသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍  ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်  ထိုးနှံပေးနေမှု  အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုံတောင်သား