ဖောင်းပြင် စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ရိပ်သာအား ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးသာမန်ရန်ပုံငွေကျပ် (၆၈ ဒသမ ၆၀)သန်းဖြင့် တင်ဒါအောင်မြင်သည့်Star Chindwin ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ရက်နေ့မှ စတင်ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၆၅ ရာခိုင်နှုန်း)ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဧည့်ရိပ်သာအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် အပြီးဆောက်လုပ်နိုင်ရန် လျာထားပြီး အလျား ၅၂ပေ၊ အနံ ၄၂ပေ အာစီတစ်ထပ်တည်ဆောက်နေခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီက တာဝန်ခံ အင်ဂျင်နီယာ ဦးရန်မျိုးအောင်ထံမှသိရသည်။
ကိုထွန်း(ဖောင်းပြင်)