သီပေါ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ ယနေ့ နံနက်ပိုင်းက မီးရထားရပ်ကွက်ရှိ သန္တိသုခနိရောဓမဟာစည်သာသနာ့ရိပ်သာတွင် ပိုးသတ်ဆေး ဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် အဆိုပါ ရိပ်သာဝန်းအတွင်း နေရာအနှံ့ ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးခြင်းဖြစ်ကြောင်းနှင့် အကူအညီတောင်းခံထားသည့် အခြားနေရာများသို့ ဆက်လက် ၍ပိုးသတ် ဆေးဖျန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ မြို့နယ်အတွင်း ပိုးတွေ့လူနာအိမ်များ၊ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများ ၊ သီလရှင်စာသင်တိုက်များ၊ ဘာသာရေးကျောင်းများ၊ ဈေးများ၊ မြို့နယ် အတွင်းရှိ ကျေးရွားများစသည့် နေရာများတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းများကို အခမဲ့ ဆောင်ရွက်ပေးခြင်းများအပြင် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက်လည်း အခြေခံစားသောက်ကုန်များ၊ အဝတ်အထည်များ လှူဒါန်းပေးခြင်း၊ အလှူငွေများထောက်ပံ့လှူဒါန်း ပေးခြင်းနှင့် တိုက်ပွဲရှောင် ပြည်သူများအား အစားအသောက်၊ အဝတ်အထည်လိုအပ်သည်များကို လှူဒါန်းပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ခင်လေး