ရေတာရှည်မြို့၌  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်​ဆောင်ကြစို့” ပန်းခင်းစီမံချက် လက်ကမ်းစာ​စောင်များ ဖြန့်ဝေ

ရေတာရှည်  စက်တင်ဘာ  ၁၀ 

ရေတာရှည်မြို့နယ်၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်​ဆောင်ကြစို့ပန်းခင်းစီမံချက် လက်ကမ်းစာ​စောင်များကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက ယ​နေ့မနက်ပိုင်းတွင် လူစည်ကားရာ​နေရာများ၌ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။ 

အဆိုပါ လက်ကမ်းစာစောင်တွင် ပန်းခင်းစီမံချက်ဆောင်ရွက်မည့် လုပ်ငန်း()ရပ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အိမ်​ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်​သော အ​ထောက်အထားများ၊ လိုက်နာရမည့် အချက်များ နိုင်ငံသားစိစစ်​ရေးကတ်ပြား လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ နိုင်ငံသားစိစစ်​ရေးကတ်ပြား ကိုင်​ဆောင်သူများ လိုက်နာရမည့်အချက်များနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပါဝင်ပြီး ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ထုတ်​ဝေ​ကြောင်း သိရသည်။ 

အေးဆု