နောင်တရား စက်တင်ဘာလ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.မ.ကကျောင်းကုန်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၇၇၀)ဦး ထိုးနှံပြီးဖြစ်သည်။
သံဃာတော်များ၊ အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများကို ပထမအကြိမ်၌ ဦးစားပေးအစီအဆင့်ဖြင့် ထိုးနှံပေးလျက်ရှိပြီး လူဦးရေ တစ်ထောင်ခန့် ထိုးနှံပေးနိုင်ခဲ့သည်။ စက်တင်ဘာလ ၈၊ ၉ ရက်နေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများ ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးလျက်ရှိပြီး ယနေ့အထိ (၇၇၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။ ကျန်ရှိနေသည့်ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများကို ရာနှုန်းပြည့် ဆက်လက်ထိုးနှံပေး သွား မည်ဟုသိရသည်။
နောင်တရား(ပြန်ဆက်)