တောင်ကြီး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့တွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ စစ်ဆေးတွေ့ရှိရမှုအခြေ အနေအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက် လက်တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး လူဦးမျေားသည့်ရောများတွင် အခမဲ့စစ်ဆေး ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ရောဂါကူးစက်ပြန့် ပွားမှုထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်ဂိတ်များတွင် ကျန်းမာ ရေးစစ်ဆေးမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ Positive Centre များကိုလည်းအသင့် ပြင်ဆင်ဆောင်ရွက်ထားရန်လိုပါကြောင်း၊ မြို့နယ်အတွင်းရှိဈေးများအား ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ညွန်ကြားချက်နှင့်အညီ စျေးဆိုင်များရောင်းချရေး၊ စားသောက်ဆိုင် များနှင့်လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် ဖြင့် ရောင်းချစေရေးတို့ကို စနစ်တကျဆောင် ရွက်သွားရန်လိုပါကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ကိုဗစ်-၁၉ Positive Center များ၏ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။
စိုင်းသန်းကျော်(တောင်ကြီး)