ဒေးဒရဲ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်အရ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနက ယမန်နေ့ နံနက် ၉နာရီက ကျုံသင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများကွင်း ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများက ကျုံသင်ကျေးရွာရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူ(၁၇)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ် ပြားမရှိသူ(၅)ဦး၊ မှတ်ပုံတင်လှဲလှယ် သူ(၇)ဦး၊ မွေးစာရင်းတိုး(၁၁)ဦးနှင့် အိမ်ထောင်စုခွဲ(၁၀)စု တို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ဒေးဒရဲမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများနှင့်ဥပဒေ အရနိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ ၃ ရက်နေ့မှ စတင်ပြီး ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း၊ ပြန်ဆက်