မိုးညှင်းမြို့၌ ကိုဗစ်−၁၉ ရောဂါပိုးပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေး

မိုးညှင်း   စက်တင်ဘာ   ၁၀

ကချင်ပြည်နယ်  မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကိုဗစ်−၁၉ ရောဂါပိုးပျောက်ကင်းသူနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့ နံနက် (၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်မ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးရာတွင် ကိုဗစ်−၁၉ ရောဂါပိုးပျောက်ကင်းသူ ဦးခင်မောင်ဦး (စာရေးဆရာအသင်းဥက္ကဋ္ဌ)က သြဂုတ်လ(၇)ရက်နေ့တွင် နာစေး၊ ချောင်းဆိုးပြီး အဖျားတက် စဖြစ်လာရာ သြဂုတ်(၁၁)ရက်နေ့တွင် မိမိကိုယ်ကို မသင်္ကာဖြစ်သဖြင့် ပုညရှင် ကိုဗစ်စစ်ဆေး စင်တာ၌ သွားရောက်စစ်ဆေးရာ ကိုဗစ်−၁၉ရောဂါပိုး(Positive) တွေ့ရှိသဖြင့် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးဝါးကုသမှုများခံယူရာ နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ အစားအသောက်မှန်မှန်စားသုံးခြင်းနှင့် နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းတို့ကြောင့် ဆိုးရွားစွာရောဂါဝေဒနာကို မခံစားရဘဲ သြဂုတ်လ(၂၁)ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး ယခုအချိန်အခါတွင် သာမာန်လူတစ်ယောက်ကဲသို့ သွားလာလှုပ်ရှား၍ မရခြင်း၊ အမောမခံနိုင်ခြင်းနှင့် ချောင်းဆိုးအနည်းငယ်ဖြစ်ခြင်းများသာ ခံစားနေရကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အလားတူဆွေးနွေးပွဲများ၊ အသိပညာပေး(Talk Show)များကို ကိုဗစ်ကာလတွင် ရုံးအတွင်း၌ တတ်သိပညာရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး မိုးညှင်းခရိုင် We Love Mohnyin Facebook Page တွင် အပတ်စဉ် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)