သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် မုံရွာခရိုင် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မုံရွာခရိုင်သစ်တော ဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ရည်ရွယ်ကာ မုံရွာခရိုင် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက မုံရွာမြို့ မြို့ပတ်လမ်းဘေးရှိ ရွှေမြင့်မိုရ်ကျောင်းတိုက်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မုံရွာခရိုင်သစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကြသော မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်လင်းနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတို့တွင် မယ်ဇလီပင်(၁၀၀)၊ ခရေပင်(၁၀၀)၊ မယ်ဇယ်ပင်(၁၀၀)၊ ကုက္ကိုလ်ပင်(၁၀၀)၊ စိန်ပန်းပင်(၅၀)စသည့် သစ်ပင်ပျိုးပင်ပေါင်း (၄၅၀)ပင်ကို စုပေါင်း စိုက်ပျိုးပေးခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကောက်ညှင်းပေါင်းနှင့် အကြော်တို့ကို ပေးဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)