မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ အလှူငွေများပေးအပ်

မိုင်းယောင်း စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေများကို ယမန်နေ့က စေတနာရှင် အလှူရှင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ယင်းသို့လှူဒါန်းရာတွင် ဦးအိုက်ငင်း မိသားစုက အလှူငွေ ကျပ်လေးသိန်း၊ ဒေါ်လာပန်ပျဲန်း၊ စိုင်းရွက်ခမ်း၊ ဦးနွဲ့ကောင်ကျင်၊ ဦးနွဲ့လူး၊ နန်းဘိုးကိန်၊ စိုင်းခမ်းရှဲန်၊ ဦးဝင်းတင့်၊ ဒေါ်နန်းရှဲန်ဟတ်၊ ဒေါ်နန်းခမ်းမွေနှင့် ဒေါ်နန်းဖောင်း မိသားစု၊ မောချယ်ရီအဖွဲ့၊ မေတ္တာရှင်နာရေးကူညီမှုအသင်း၊ နွံကျွမ်ဆိုင်းအဖွဲ့၊ နွံကျွမ်ယောင်းအဖွဲ့၊ ဆစ်ဟာနွံ ယောင်းခမ်းအဖွဲ့၊ B4U Mobile၊ “ယမ်းခမ်းစက်သုံးဆီ အရောင်းဆိုင်၊ “ရတနာစက်သုံးဆီအရောင်းဆိုင်၊ “ဧဝရတ်ရွှေဆိုင်၊ Diamond Three Colours Co.,Ltd နှင့် ပြည်ခိုင်ဖြိုးပါတီတို့က အလှူငွေ ကျပ်နှစ်သိန်းစီတို့ကို ပေးအပ်လှူဒါန်းသည်။

အလားတူ နန်းခန်ခမ်း(ခ)နန်းလာ၊ နန်းနွံဟွမ်၊ နန်းဟွမ်ခမ်း၊ နန်းမိုင်ထောင်း၊ နန်းဟွမ်နွံအွမ်၊ နန်းဘိုးနွန်းတို့က စုပေါင်း၍ အလှူငွေ ကျပ်နှစ်သိန်း၊ ဦးစိုင်းသောင်းငွေ၊ ဒေါ်နန်းဝိုးတစ်၊ ဒေါ်နန်းဆွမ်ဆိုင်၊ ဦးစိုင်းလျဲန်နှင့် ဒေါ်စန်းစန်းဌေး မိသားစုတို့က အလှူငွေ ကျပ်တစ်သိန်းစီ၊ ဦးနွဲ့အောင်နှင့် စိုင်းခမ်းပင်း မိသားစုတို့က အလှူငွေ ကျပ်သုံးသောင်းစီ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့ပြင် မိုင်းဆတ်မြို့မှ ဦးရှီးမွန် မိသားစုက အလှူငွေ ကျပ်နှစ်သိန်းနှင့် တာချီလိတ်မြို့မှ ဦးရဲဝင်းမြင့် မိသားစုက အလှူငွေ ကျပ်ငါးသောင်းတို့ကို ပေးပို့လှူဒါန်းကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)