မကွေး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ စက်တင်ဘာလ ၁၆ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Talk Show ကို မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အသိပညာဆွေးနွေးပွဲတွင် မကွေးခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်သူများအနေဖြင့် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများရရှိစေရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မိတ်ဆက်ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်တင့်တင့်အောင်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ၂၀၂၁ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်၊ ကမ္ဘာမြေပေါ်ရှိ သက်ရှိသတ္တဝါများအတွက် အိုဇုန်းလွှာအရေးကြီးပုံနှင့် အိုဇုန်းလွှာများ ပျက်စီးရခြင်း၏ အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်သဇင်ထွန်းက အိုဇုန်းလွှာအား ထိန်းသိမ်းကာကွယ် ရသည့်အကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးနှင့်ပတ်သက်သည့် အပြည်ပြည် ဆိုင်ရာကြိုးပမ်း ဆောင်ရွက်ချက်များနှင့်၂၀၂၁ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်ရည်ရွယ်ချက် များကို ရှင်းလင်းဆွေးနွေးကာ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အိုဇုန်းလွှာကာကွယ် ရေးနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
ကိုစည်သူ(မကွေး)