မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ကျေးလက် ကျန်းမာရေးဌာနများတွင် စတင်ထိုးနှံ

မာန်အောင် စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယအကြိမ် ကျေးလက် ကျန်းမာရေး ဌာနများတွင် ယမန်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ငပုန်ကုန်း ကျေးလက်ကျန်းမာရေးဌာနနှင့် သစ်ပုံကျေးလက် ကျန်းမာရေးဌာနတို့၌ ပထမအကြိမ် ထိုးနှံပေးပြီးသူ (၂၉၃)ဦးတို့အား သတ်မှတ်ရက်အလိုက် နံနက် ၁၀ ရီမှ ညနေ ၃ နာရီထိ ဆေးထိုးစုရပ်အဖြစ် အခြေခံပညာ မူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးရွှေလှအောင် ဦးဆောင်၍ အဖွဲ့ဝင်ဦးကျော်မြနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆေးထိုးနှံရန် လာရောက် သူများအား ဆေးထိုးမှတ်တမ်းများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးကာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆေးထိုးနှံရန် လာရောက်သူသက်ကြီး ဘိုးဘွားများအား ဆေးထိုးနှံရာ နေရာသို့ ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင် တိုင်းပေးခြင်းများ ဆောင်ရွက်ပေးကာ သတ်မှတ် ကျန်းမာရေးနှင့် ကိုက်ညီသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပြီးသူများကို မိနစ်၃၀ခန့် နားနေစေကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)