မိုင်းယောင်းမြို့၌ နဂါးရုံဘုရား ပန္နက်တော်တင်မင်္ဂလာကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကပ်ရောဂါအန္တရာယ် ကင်းဝေးရန် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ ထပ်ဟိုဖိုင်စေတီတော် ပရဝုဏ်အတွင်း၌ နဂါးရုံဘုရား ပန္နက်တော်တင်မင်္ဂလာကို ယမန်နေ့က ကျင်းပသည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်များထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေ အမှူးပြုသော ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဇျာယ် တော်မူသည့် မင်္ဂလသုတ်တော်၊ မေတ္တသုတ်တော်၊ မဟာသမယသုတ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပန္နတော်၊ ပရိတ်ရေများနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာယူကာလှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)