ဟိုပုံးမြို့ တုံခမ်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-kit ဖြင့် အခမဲ့စစ်ဆေးပေး

ဟိုပုံး စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် တုံခမ်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။

သံဃာတော်အရေအတွက် အများအပြားရှိနေပြီး ရောဂါကူးစက်ပြန့်ပွားချေရှိသည့် စာသင်တိုက်၊ ကျောင်းတိုက်များတွင် (၉-၉-၂၀၂၁)ရက်နေ့မှစတင်၍ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉‌ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးသွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်၍  ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက ရဟန်း (၁၄)ပါး၊ သာမဏေ(၈၅)ပါး၊ သီလရှင်(၂)ပါးနှင့် ဝေယျာဝစ္စဆောင်ရွက်သူ(၃)ဦး စုစုပေါင်း (၁၀၄)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-kit ဖြင့် စစ်ဆေးဆောင်ရွက်ရာ ကိုဗစ်-၁၉ရောဂါပို့း မတွေ့ရှိကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)