နောင်ချို စက်တင်ဘာ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကုသရေးအ လှူငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျောက်မဲ ခရိုင်အုပ်ချုပ်ရေးမှူး၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအားလုံး ပူးပေါင်း ပါဝင်မှ သာ ဒီရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဆက်လက် ထိန်းသိမ်း ကြစေ လိုကြောင်းနှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ လိုအပ်ချက်များ အပေါ်လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် ထောက်ပံ့ငွေ ကျပ် (၁၀) သိန်း၊ Mask (၁၀၀၀၀)ခု၊ Surgical grown (၂၀၀)ခု၊ Surgical Cap (၂၀၀) ခု ၊ Hand Gel (၅၀)ဗူး တို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြောင်း သိရသည်။
၎င်းနောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာကိုကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)