ဟိုပန် ဩဂုတ် ၂၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးအောင်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးညီနပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ကြည်း၊ ရေ၊ လေ၊ မိသားစုများ)က PPE ဝတ်စုံ (၂၀၀) စုံ၊ Mask (၁၀၀၀၀)ခု၊ Hand Gel (၂)ဖာ၊ ပိုးသတ်ဆေး (၁၀) ဗူး၊ Paracetamol (၁၀၀၀)လုံး၊ Adivid CZ (၁၀၀၀)လုံးနှင့် ငွေကျပ် ငါးသိန်းတို့ကို လာရောက်ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကိုက လက်ခံရယူပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးညီနပ်မှ ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)