ရွှေသောင်ယံ သြဂုတ် ၂၄
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသောကာလအတွင်း ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ အလှူရှင်များမှ ဆန်များလိုက်လံ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်(၈)နာရီက ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုဝင် များထံသို့ တစ်အိမ်လျှင် ဆန် (၂) ပြည်နှုန်းဖြင့် အလှူရှင်များမှ လိုက်လံလှူဒါန်း လျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက် အတွင်း နွမ်းပါးသော အိမ်ထောင်စုများသို့ အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များမှ လှူဒါန်းသည့် ဆန်(၁၃)အိတ်ကို တစ်အိမ်လျှင်ဆန်(၂)ပြည်နှုန်းဖြင့် အလှူရှင်များကိုယ်စား အမှတ်(၂)ရပ်ကွက်ရှိ အလှူရှင် ဦးမောင်မောင်လေးမိသားစုမှ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)