မေတ္တာမြို၌ချို့တဲ့ မိသားစုများအား အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့

မေတ္တာ  ဩဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ချို့တဲ့မိသားစုများအား  ယမန်နေ့၊  ညနေ()နာရီ အချိန်က  အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် အမှတ်(၁)ရပ်ကွက်နှင့်ကလစ်ကြီးကျေးရွာရှိချို့တဲ့မိသားစု(၁၀)စုအား အိမ်ထောင်စု (၁)စုလျှင်  ဆန်(၁)အိတ်၊ ဆီ(၁)ပိသာ ၊ ကြက်သွန်နီ(၁)ပိသာ၊ ကြက်သွန်ဖြူ (၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်၊ ငါးသေတ္တာဗူး၄လုံး၊အချိုမုန့်(၁)ထုပ်၊ မုန့်(၆)ထုပ်စီ တို့ကို ထောက်ပံ့ လှူဒါန်း ပေးခဲ့သည်။

အဆိုပါ ချို့တဲ့မိသားစုများအား ထားဝယ်-မြိတ်သာသနာနယ်မှအလှူရှင်များက လှူဒါန်ပေးရာ မေတ္တာမြို့အမှတ်(၁/၂)ရပ်ကွက် ကိုဗစ်-၁၉ရောဂါ ခံစားနေရသောလူနာများနှင့် Stay Home နေထိုင်ရသောမိသားစုများအား ကူညီထောက်ပံ့ရေးကော်မတီအဖွဲ့ဝင်များနှင့် မေတ္တာရှင် လူမှု ကူညီရေးအသင်းက အလှူရှင်များ ကိုယ်စား ချို့တဲ့မိသားစုများ လက်ဝယ်အရောက်သွားရောက်၍ ထပ်ဆင့်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မေတ္တာ   (ပြန်/ဆက်)