ကျုံပျော် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ သာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို အောင်ဆန်းရပ်ကွက်ရှိ လမ်းများ၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ အောင်ဆန်း ရပ်ကွက်ရှိ ဦးဖိုးခလမ်းနှင့် ရွှေနံသာလမ်းတို့ရှိ မြက်ပင်များ၊ ချုံနွယ်များ၊ အမှိုက်များကို စုပေါင်းခုတ်ထွင် ရှင်းလင်းကြပြီး၊ ခြင်မပေါက်ဖွားနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များသိမ်းဆည်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦဇေယျမင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက သွားရောက်အားပေးကြည့်ရှုပြီး ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)