နောင်ချို ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဂေါ်ရခါးလူမှုကူညီရေးအသင်းမှ စားဝတ်နေရေး အခက်အခဲဖြစ်နေသော အိမ်ခြေ (၁၂၀)အား ဆန်၊ ဆီနှင့်စားသောက်ကုန်များကို ယမန်နေ့က ပေးဝေခဲ့ကြောင်း ဂေါ်ရခါးလူမှု ကူညီရေးအသင်းထံမှ သိရသည်။
ထိုသို့ပေးဝေနိုင်ရန် အလှူရှင် ဦးပွန်နော်ပါရာကာစ်+ ဒေါ်ဟိုမာကလား မိသားစု၊ အလှူရှင် အသီးသီးတို့နှင့် ဂေါ်ရခါးလူမှုကူညီရေးအသင်းတို့မှ ဆန်(၂၆) အိတ်၊ ဆီ (၁၂၀)ဗူး၊ ကုလားပဲ (၆၀)ပိဿာ၊ ပဲကြာဇံ (၁၂၀)ထုပ်၊ အသားတု (၁၂၀)ထုပ်၊ ကြက်ဥ (၁၅၀၀၀) လုံး၊ ငွေသားကျပ် ၁၂၀၀၀၀/ တို့ကို အိမ်ခြေ (၁၂၀)အား ခွဲဝေလှူဒါန်းပေးခဲ့ပြီး ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသော မိသားစုဝင်များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရစေရန် ရည်ရွယ်၍ ပေးဝေခဲ့ခြင်းဖြစ်ကြောင်း ဂေါ်ရခါးလူမှုကူညီရေးအသင်းထံမှ သိရသည်။
ထွေးငယ်