ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန်  အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

 

 

ဆီဆိုင်  ဩဂုတ်    ၂၄

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ခက်ခဲသည့်  အိမ်ထောင်စုများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အခြေခံ စားသောက်ကုန်များအား ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဆီဆိုင်မြို့ရပ်ကွက်(၆)ရပ်ကွက်များသို့ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ဆီဆိုင်မြို့ အောင်သပြေရပ်ကွက်တွင် (၄၃)အိမ်၊ သီရိရပ်ကွက်တွင် (၄၀)အိမ်၊ မင်္ဂလာရပ်ကွက်တွင် (၄၀)အိမ်၊ ဟိုခဲရပ်ကွက်တွင်(၃၀)အိမ်၊ မြကန်သာရပ်ကွက်တွင်(၄၁) အိမ်၊ အောင်ချမ်းသာရပ်ကွက်တွင်(၅၃)အိမ်၊ စုစုပေါင်းအိမ်ထောင်စု (၂၄၇)အိမ်များသို့ ဆန်(၄)ပြည်၊ မြေပဲဆီ(၁)ဗူး၊ ကြက်သွန်နီ(၁)ထုတ်တို့ကို သွားရောက်လှူဒါန်းခဲ့ပြီး အလှူရှင်များဖြစ်သည့် ဦးခွန်လှသိန်း+နန်းဗိုလ်ခမ်းမိသားစု၊ ဦးခင်မောင်သန်းမိသားစု၊ ဦးဝါထော်မိသားစု၊ ဦးပီတာမိသားစု၊ ဦးစိုင်းအောင် ဆန်စက်မိသားစု၊ ရတနာမိုးထက်အောင်ကုမ္မဏီနှင့် ဒေါ်နန်းကျင်၊ ခွန်ဝင်း+နန်းအေးခိုင် မိသားစုတို့မှ စုပေါင်း၍ ဆီဆိုင်မြို့နယ်အတွင်းရှိ ခက်ခဲသည့်မိသားစုများထံသို့ အလှူရှင်များ ၏ကိုယ်စား ဦးခွန်လှသိန်း၊ ကြက်ခြေနီအသင်းဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

 

မျိုးမြတ်(ဆီဆိုင်)