ဝန်းသိုမြို့နယ်၌ SRI မျိုးသန့်စိုက်ကွက်အတွင်း ဓာတ်မြေသြဇာကြဲပက်ခြင်းဆောင်ရွက်

ဝန်းသို သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် တင်းဝါးချောင်းအုပ်စု၊ ဗြန့်ကြီး ကျေးရွာကွင်းအမှတ် ၁၂၇၃၊ တောင်သူဦးဇော်လင်းဦး၏ လယ်မြေတွင်စိုက်ပျိုးထားသည့် R-S အဆင့်ရှိ မှော်ဘီ-၂ မျိုးစပါး၊ SRI နည်းစနစ်မျိုးသန့်စိုက်ကွက်အတွင်း၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ဓာတ်မြေသြဇာထည့်သွင်း ကြဲပက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ယနေ့ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနဲ့ အကျိုးဆောင်တောင်သူ ပူးပေါင်းပြီး တော့ SRI နည်းစနစ်မျိုးသန့်စိုက်ကွက် မှော်ဘီ-၂(R-S)အဆင့်ရှိ တစ်ဧကကွက်မှာ ဒုတိယ အကြိမ်အဖြစ် ယူရီးယား တစ်အချိုးသုံးအိတ်နှုန်း ကြဲပက်ခြင်းနဲ့ တစ်ဧကစပါးတင်း ၁၀၀ အထွက်နှုန်းရရှိရေး စိုက်ခင်းအတွင်း တတိယအကြိမ်အဖြစ် ယူရီးယား တစ်အချိုးနှစ် အိတ်နှုန်း ထည့်သွင်းကြဲပက်ခြင်းဖြစ်ပါတယ်၊ တောင်သူများ ဓာတ်မြေသြဇာကို မှန်(၄)မှန်နည်းအတိုင်း အချိန်ကိုက်အချိုးကျထည့်သွင်း ဆောင်ရွက်ပါက ပိုမိုထိရောက်ပြီး အထွက်နှုန်းတိုးစေမှုကို သိရှိစေရန် အခုလိုတောင်သူများနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်’’ ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက ပြောသည်။

အဆိုပါ ဓာတ်မြေသြဇာထည့်သွင်းကြဲပက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူနှင့် အကျိုးဆောင်တောင်သူ ၂၇ ဦးတို့က ပူးပေါင်းလေ့လာဆောင်ရွက်ခဲ့ကြပြီး ဝန်းသိုမြို့နယ်အတွင်း ယခု ၂၀၂၁ခုနှစ်၌ မိုးစပါးစိုက်ဧက ၃၈၄၉၈ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိရာ ယနေ့အချိန်တွင် ၃၈၅၅၆ ဧကထိ စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျော်မြိုင်