မိုင်းယောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မိုင်းယောင်း ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်က ဝမ်အင်ကျေးရွာအုပ်စု၊ ဝမ်အင်ကျေးရွာသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်းသိရ သည်။

ဝမ်အင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယလဝကမှူး ဦးစိုင်းအောင်ခမ်းနှင့် ဝန်ထမ်းများသည် ယင်းကျေးရွာမှ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးမှုဆောင်ရွက်ပေး ခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက် ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

မိုင်းယောင်းမြို့နယ် လဝကရုံးသည် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြု လုပ်ပေးလျက်ရှိသည့်အပြင် မြို့နယ်ရုံးတွင်လည်း နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရုံးပိတ်ရက် ကာလများအတွင်း ပြည်သူများအား ရုံးဖွင့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရုံးလုပ်ငန်းချိန်အတွင်း ပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း