ကျောက်ဆည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်ရပ်ကွက်/ကျေးရွာအုပ်စု(၉၇)အုပ်စုမှ မသန်စွမ်းသူ (၁၀၅၅) ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ယောဂဝတီရပ်ကွက်၊ မှိုင်းပန်ကျေးရွာနှင့် ကျီးပြကျေးရွာများမှ မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ယောဂဝတီရပ်ကွက်မှ မသန်စွမ်းသူ(၃၇)ဦး၊ မှိုင်းပန်ကျေးရွာ မသန်စွမ်းသူ (၆၇)ဦးနှင့် ကျီပြကျေးရွာမှမသန်စွမ်းသူ(၆၈)ဦး၊ စုစုပေါင်း(၁၇၂)ဦးအား တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀)နှုန်း ဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၅၁၆၀၀၀၀)အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ ပထမအကြိမ် ထောက်ပံ့ငွေများပေးအပ်စဉ် ကျန်ရှိနေသူသော ထပ်တိုးမသန်စွမ်းသူများအား ဆက်လက် ထောက်ပံ့ပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ မှိုင်းပန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကို၊ ကျီးပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့် စာရေးဝန်ထမ်းများက မသန်စွမ်းသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် မသန်စွမ်းသူ (၁၀၅၅)ဦး အတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၁၆၅၀၀၀၀)အား ထောက်ပံ့ ပေးအပ်နိုင်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး