လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး၊ ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

လမ်းမတော်   ဩဂုတ်   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅)နှစ်နှင့်အထက် အဘိုး/အဘွားများ ဒေသခံပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်း လမ်းမတော်မြို့နယ်ရှိ အ.လ.က(၁)ကျောင်းတွင် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ရောဂါအခံ ရှိ/ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုအခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်နောင်ဖြူ နှင့်မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကြည့်ရှု အားပေးဆောင်ရွက်ခဲ့ကြသည်။

ဩဂုတ်လ(၂)ရက်နေ့မှယနေ့အထိ လမ်းမတော်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး/အဘွား (၁၀၉၆)ဦး အစိုးရပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ(၈၈၇ )ဦး၊ ဘုန်းကြီး/သီလှရှင်(၆၀ )ဦး၊ နိုင်ငံ့ဝန်ထမ်း  (၂၄၅)ဦး၊ ဘဏ်ဝန်ထမ်း(၂၇၀)ဦး၊ Volunteer (၆၄)ဦး စုစုပေါင်း(၂၆၂၂)ဦးကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်