ပုသိမ် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များ၊ ပန်းခြံများ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းဘေးဝဲယာနှင့် စာသင်ကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းခွဲတွင် တပ်မတော်မှ အရာရှိအရာခံစစ်သည်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဌာန ဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၁၇၅)ဦးတို့ဖြင့် ကျောင်းဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်