ကွန်ဟိန်းမြို့၌ အငြိမ်းစား ဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကွန်ဟိန်း  ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွါးရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ယမန်နေ့မှ ၂၇ ရက်နေ့အထိ  နံနက် (၈:၀၀)နာရီ မှ မွန်းလွဲ (၂:၀၀)ထိ ထုတ်ပေးသွားမည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူစုစုပေါင်း(၁၂၀)ဦးရှိပါသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။